သက်နဲ့ကျွန်တော်…..

Keep Reading ...

“ဘာ !!! “

ကျယ်လောင်လှသော အံသြလှိုက်ခါမှုအသံကြောင့်……

ငုဝါပန်းပင်ပေါ်ရှိ ငှက်ကလေးများလည်း ကြောက်လန့်တကြား ထပြန်ကုန်လေပြီ.။

“ဘယ်လိုပြောလိုက်တယ်…… !! ပြန်ပြောပါအုံးကွာ ဒါအိမ်မက်လား ပြောပါအုံးသက်ရယ်..”

ရုတ်တရက်ဖြစ်ပေါ်လာတဲ့ဒေါသနဲ့ အစဦးမှာပြောလိုက်ပေမဲ့ ဆုံးရှုံးရခါနီး ပစ္စည်းတစ်ခုကို မြတ်နိုးတွယ်တာမှုဖြင့် တောင်းပန်စွာ မေးမြန်းလိုက်မိတယ်…။

“ ကျွန်မ မညာချင်ဘူးကို…..ကျွန်မ အိမ်ထောင်ပြုဖို့ ဆုံးဖြတ်လိုက်ပြီ“ အသံရဲ့နောက်မှာ

ဝမ်းနည်း သံလိုလို ယတိပြတ် ဆုံးဖြတ်သံလိုလိုပါဘဲ……ဒါပေမဲ့ အဲ့စကားတခွန်းက ရင်ထဲကို

အဆိပ်လူးထားတဲ့မြှားအစင်းတရာ ပစ်ခံရသလိုပါဘဲ………မှုးမေ့မတက်ဖြစ်ခဲ့ရပါကောလား..

“စဉ်းစားပါအုံး သက်ရယ်…..ကို့အတွက်နည်းနည်းတော့ ကြည့်ပေးသင့်ပါတယ် ” လှိုက်မောတွေဝေစွာနဲ့..ထပ်တောင်းပန်ပြီး မေးမြန်းမိတယ်…..ရီဝေစွာမျက်လုံးလေးနဲ့

သူ့မျက်နှာကိုလည်း ငေးကြည့်နေမိခဲ့တယ်….. တည်ကြည်တဲ့မျက်နှာထား ဆုံးဖြတ်ချက်ကို

နောက်မလှည့်ဘူးဆိုတဲ့ မျက်ဝန်းတစ်စုံရဲ့ ပါးစပ်ဖျားကနေ ထပ်ထွက်လာတာကတော့….

“ တကယ်ပါကို ကျွန်မကိုခွင့်လွတ်ပါနော်တဲ့ “ ဝေးကွာခြင်းဆိုတဲ့လမ်းတစ်ဖက်ကို သူအရင်ခြေချခဲ့လိုက်ပီပေါ့လေ….. “ ကို့မှာဘာအပြစ်ရှိလို့လဲ သက်ရယ် ..သက်နဲ့ချစ်သူသက်တမ်း တလျှောက်လုံး ကိုလေသက်ကိုသစ္စာမပျက်ခဲ့ဘူး….

သက်နဲ့လက်ထပ်ဖို့လည်း ခုထိကြိုးစားနေတယ်လေ သက်ရယ် လုပ်ရက်လိုက်တာ ဖြေပါအုံးသက်ရယ်.. “ သက်ရဲ့ပခုံးလေးကို ကိုင်ပြီး ထပ်မေးမိလိုက်တယ်…ရင်တွင်းထဲမှာတော့

အီရတ် စစ်ပြေပြင်လိုဖြစ်နေရပြီသက်ရယ်…။

“ သက်သဘောနဲ့ ဆုံးဖြတ်တာပါကို သက်နဲ့ကိုနဲ့ပေါင်းစပ်ဖို့က ရထားသံလမ်း (၂)ဖက်လိုဖြစ်နေတယ်ကို……သက်တို့က မပြည့်စုံတော့ ခုတောင်ချစ်နေတာ

ဘယ်လောက်ကြာပြီလဲ…သက်ဆက်မစောင့်နိုင်တော့ဘူးကို……….

သက်လေ ….သက်တို့အလုပ်က အလုပ်ရှင်သူဌေး ကိုအောင် နဲ့လက်ထပ်ဖို့

သဘောတူလိုက်ပြီကို….. “ တည်ကြည်နေရာကနေ တောင်းပန်သံလေးနဲ့

အက်ကွဲကွဲ အသံလှိုင်းလေးတစ်ခု က အာကာ့ရဲ့ နားထဲကိုရောက်လာချိန်မှာတော့…

“ အော်……..လက်စသပ်တော့ မင်းကငွေမက်တဲ့ချစ်သူဘဲ…..ငါ့မှာတော့လေ

မင့်ကိုချစ်လိုက်ရတာ ပေးဆပ်လိုက်ရတာ……ငါမှာတော့…ကွာ…….

မင်းဆိုတဲ့ အသိလေးတစ်ခုနဲ့ကို ကျေနပ်ပျော်ရွှင်ပြီး ကြိုးစားခဲ့ရတာ.

မင်း..မင်းကွာ…….မင်းသိပ်ရက်စက်တယ်.. “ ကြေကွဲမှုတို့သည်ပြောမပြတက်အောင် ဖြစ်ခဲ့ရပါပြီ မျက်ဝန်းမှမျက်ရည်စတို့သည် .ပါးပြင်ပေါ်သို့မသိမသာနမ်းရှိုက်ကုန်ပါပြီသက်ရယ်။

“ ကိုရယ် သက်ကို ကြိုက်သလောက်ပြောပါကိုရယ်….သက်လေ ကို့ကိုအရမ်းချစ်ခဲ့ပါတယ်

မလွဲမရှောင်သာမို့ပါကိုရယ်……..သက်ကိုခွင့်လွတ်နော်…….ကို့ပါးပြင်ကို နောက်ဆုံးအနေနဲ့

နမ်းရှိုက်ပါရစေကို ရွှတ် “ သူ့ဆီက ကြေကွဲလွမ်းဆွတ်ဖွယ် အသံနဲ့အတူ……..ကျွန်တော့်ပါးပြင်ကို သူရဲ့ နှင်းဆီရောင်နှခမ်းတစ်စုံသက်ဆင်းလာပါတယ်..

မျက်လုံးမှိတ်ပြီး ခံစားကြေကွဲနေတဲ့ မျက်နှာပြင်မှ မျက်ရည်စီးကြောင်းပေါ် အနမ်းတစုံလက်ခံမိချိန်မှာတော့ ဟင် သက်ငိုနေပါလား……

“ သက်ရယ် ကိုတို့တကယ်ဝေးကြပြီပေါ့နော်…….

ကိုလေ သက်တို့မိသားစုကိုနားလည်ပါတယ်…သက်ကိုလည်းသိပ် သိပ်ချစ်တယ်နော် “

သက်ကိုဖေးမ နှစ်သိမ့်ရင်းကနေ ကျွန်တော်သူ့ကို ဖက်ထားမိတယ်…တရှိုက်ရှိုက်ငိုနေတဲ့

မျက်ဝန်းတစ်စုံက ကျွန်တော့်ပုခုံးပေါ်ကို မှီတွဲလို့…. မျက်ရည်မိုးတွေဘယ်တော့မှစဲမှာလည်း

သက်ရယ်…

“ ကို… သက်လေ ဒီမှာဆက်လက်ပီးရပ်နိုင်စွမ်းမရှိတော့ဘူး ကိုရယ်.သက်ခံစားရပြီးသေလိမ့်မယ်……သက်သွားတော့မယ်နော် ကို..

နောင်ဘ၀ဆိုတာရှိခဲ့ရင် ဖူးစာဆုံလက်တွဲကြရအောင်…….နော် “

စကားအဆုံးမှာ ချာလနဲပြေးထွက်သွားတဲ့ သူ့အရိပ်လေးကို ….မမြင်ရက်တော့လို့ခေါင်းငုံကာ

ထားမိခဲ့တယ်…. သက်ရယ် ကားဟွန်းသံ ကြားလိုက်မိခဲ့တယ်. သက်ပြေးထွက်ရာ လမ်းက

အရှိန်နဲ့ ၀င်လာတဲ့ကားက….ဘာမှကိုကြားနိုင်စွမ်းမရှိတော့..တဲ့ သက်ဆီသို့………

သက် သက်…………..သက်………ဆက်မသွားနဲ့သက် သက်…….သက်

“ ဗျန်း “ ကျောပြင်ကို လက်ဖ၀ါးတစ်စုံစာ လာမိတ်ဆက်ခြင်းကို ခံရတယ်…

အရေးထဲမော်တော်ပီကယ် ရောက်လာပီထင်မှ….မော်တော်ပီကယ်လား ဟင်…

မော်တော်ပီကယ်ဟုတ်ဘူး မင့်ယောက်ဖတဲ့…တိန် ငါအိမ်မက် မက်နေတာပါကလား……

အခန်းဖော်က နေခင်းကြောင်တောင် လာယောင်နေသေးတယ်ဆိုပီး တပြစ်ပြစ်တတောက်တောက်နဲ့ ………

ခေါင်းအုံးအောက်က နောက်ပေါါ် GSM ဖုန်းလေးကို စမ်းပီး စိတ်ပူပင်စွာဖြင့် ဂဏန်းလေးတွေကိုနှိပ်လိုက်တယ်….

“ ဟယ်လို..သက်လား…. “

“ ဟုတ်ဘူး သက် ညီမပါရှင့်…..သူ ရူတင်ရိုက်နေလို့ပါရှင်တဲ့…… “

အော် ခုမှဘဲ အာကာတို့ စိတ်အေးရပါရောလား…..ဖုန်းလေးကို ခေါင်းအုံး ဘေးနားချပြီး

နဖူးပေါ်လက်တင်ပြီး အတွေးခန်းဖွင့်နေမိလိုက်တယ်……မျက်နှာပြင်တစ်ခုလုံးတော့ အပြုံးပန်းတွေနဲ့ပေါ့…..။။။။

ခံယူချက် နှင့် ရည်မှန်းချက်

Keep Reading ...

ခံယူချက် နှင့် ရည်မှန်းချက်တဲ့…၀ါကျနှစ်လုံးရဲ့ အဓိပ္ပယ်ကို အားလုံးသိပြီးဖြစ်မှာပါ။ ခံယူချက်ဆိုတာက

မိမိရောက်နေတဲ့နေရာ လုပ်နေရတဲ့အလုပ်အပေါ်မှာ ဘယ်လိုခံယူချက်နဲ့လုပ်ဆောင်လဲ

ဝါသနာအရလား သူတပါးတိုက်ွတွန်းလို့လား ဖြစ်ချင်ရာဖြစ်မောင်ဘချစ်ဆိုပြီး လုပ်ချင်ရာလုပ်နေတာလား

မိမိအကျိုးအတွက်ဘဲလား တခြားသူစိတ်ချမ်းသာစေဖို့လား စသဖြင့်ခံယူချက်အမျိုးမျိုးရှိကြမှာပါ။

ဘ၀ခံယူချက်အမျိုးမျိုးအပေါ်မှုတည်ပြီး မိမိတို့ဘ၀ရဲ့အဆင့်တွေဟာလည်း ကွဲပြားခြားနားသွားကြမှာပါ။

တိုးတက်ဖြစ်ထွန်းသူတော်တော်များများကိုကြည့်လိုက်ရင် သူတို့လုပ်ဆောင်နေတဲ့အလုပ်အပေါ်မှာခံယူချက်

ကောင်းကောင်းနဲ့လုပ်ဆောင်နိုင်ခဲ့ကြတာတွေချည်းပါ။ ငါကွအမျိုး ဘသာသာ သာသနာအတွက်လုပ်ဆောင်

နေတာ ဟု နှုတ်ကနေကြွေးကြော်နေလို့လည်း ဘာမှထူးမလာနိုင်။ ကိုယ်တိုင်သိ ကိုယ်တိုင်မြင်ပြီး

လက်တွေ့လုပ်နိုင်မှ ခံယူချက်ကောင်းကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်.။သီတဂူဆရာတော်ဘုရားကြီးကလည်း

တခြားသူကို မကြည့်နဲ့တဲ့ မိမိကိုယ်ကို မြင်တက်ဖို့အရေးးကြီးတယ် ဆိုပြီး မိန့်ဆိုဖူးပါတယ် ။မိမိကိုယ်ကို

ငါဟာခံယူချက်ကောင်းမျိုးရှိပြီလား ဘာတွေလိုသေးလဲဆိုတာကို ရှုမြင်တက်ဖို့ကအရေးကြီးပါတယ်.။

ပျော်ခွင့်ရတုန်း ပျော်လိုက်အုံးမယ်နောက်မှအေးဆေးလိုက်မယ် ကြိုးစား ဆိုတဲ့ ပျင်းတဲ့စိတ်လေးတွေကြောင့်

ခံယူချက်လေး တွေပျောက်ပျောက် သွားတာ ကိုတွေ့ရပါတယ်.။တစ်ချို့သူတွေကတော့ ကိုယ့်ကိုယ်ကို

ဘာလုပ်နေလဲ ဘာဖြစ်နေလဲဆိုတာကို သတိမေ့နေတက်ကြပါတယ်.။ခံယူချက်ကောင်းရှိမှ

ရည်မှန်းချက်ဆိုတာကို အကောင်အထည်ဖော်နိုင်မှာပါ။

ရည်မှန်းချက်မရှိသောသူသည် လှော်တက်မပါတဲ့လှေလို ဖြစ်ချင်ရာဖြစ်ရောက်ချင်ရာရောက်နေလိမ့်မယ်လို့ဆိုရိုး

စကားရှိသလို၊ ရည်မှန်းချက်ကောင်းရှိပြီး ခံယူချက်ကောင်းမရှိရင် အဲဒီလုပ်ငန်း အဲဒီပန်းတိုင်ကို လှမ်းဆွတ်ဖို့

ခဲယဉ်းသွားပါလိမ့်မယ်။ ငါတော့ဒီလုပ်ငန်းကို မဖြစ်ဖြစ်အောင်လုပ်မယ် ငါလုပ်နိုင်ရမယ်ဆိုတဲ့ခံယူချက်ဝီရိယ

လေးထားပါမှအဲဒီရည်မှန်းချက်ကိုအောင်မြင်နိုင်ပါလိမ့်မယ်။မှုလအစမှာတော်တော်များများတော့ခံယူချက်ဝီရီယ

ကောင်းများထားရှိပေမဲ့လည်း ရည်မှန်းချက်တစ်ခုကို လုပ်ဆောင်တဲ့အခါမှာ မအောင်မြင်တာတို့

အပြောအဆိုခံရတာတို့ ကြုံလာရင် စိတ်ဓာတ်တွေကျသွားတက်ကြတယ်။ ငါတော့ ကြိုးစားလည်းမထူးတော့

ဒီဘ၀ ဒီမျှလောက်သာ ဖြစ်ခွင့်ကြုံပြီပေါ့ဆိုပြီး စိတ်ပျက်အားလျာ့ကာ ရောင့်ရဲခြင်းတရားနဲ့ဖြေသိမ့်သွားတက်

ကြပါတယ် တချို့ဆို ဖြစ်ချင်ရာဖြစ်နေတဲ့ဘ၀ နေလည်းမထူးဘူးဆိုပြီး ဘ၀တုံးသွားအေးရောဆိုသူတွေလည်း

နာရေးသတင်းတွေမှာဖတ်ရသည်မှာမနည်းပါ.။ ခံယူချက်မဲံ့သွားခြင်းစိတ်ပျက်အားလျော့ခြင်းတွေကဘဲ

မိမိတွှိုဘ၀ကိုမြောင်းထဲပို့စေနိုင်တဲ့အရာတွေပါ။ ဆရာကြီးပီမိုနင်းရဲ့ဆောင်းပါးထဲက စာလေးတစ်ခုဖတ်ဖူးပါတယ်

“အကြိမ်တရာမြောက်ကြိုးစားသော်လည်း မအောင်မြင်ခဲ့သည် ရှိသော် တရာ့တကြိမ်မြောက် အောင်မြင်အောင်

ကြိုးစားပါတဲ့” အကြီမ်တရာကြိုးစားလို့မအောင်မြင်ရင် နောက်တကြီမ်မှာ အောင်မြင်ဖို့ဇွဲရည်မှန်းချက်ထားပြီး

လုပ်ဆောင်ရပါမယ်. တကယ်လည်းထိုသို့ကြိုးစားသူများအမြင့်သို့ရောက်နေတာတွေ ရည်မှန်းချက်ပြည်သွား

တာတွေကိုမြင်ခဲ့ ကြားခဲ့ဖူးကြမှာပါ.။ ခံယူချက်ကောင်းနဲ့ ရည်မှန်းချက်ကောင်းများကို

ပန်းတိုင်မရောက်မချင်းထားရှိရပါမယ် .။မိမိအပါဝင်တော်တော်များများတော့ အထက်အကြီးတွေ

ဆရာသမားတွေ တွန်းအားပေးလိုက်ရင် ငါကွမဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်လေးပေါ်မိတက်ပေမဲ့ တစ်ရက်

နှစ်ရက်လောက်ကြာပြီးသွားရင် အရင်ကကြွေးကြော်စိတ်ကူးထားတဲ့အရာတွေ ပြန်ပြဆွဲယူလို့မရတော့

မြူမှုန်ဖွေးဖွေးလေးလို ပျောတ်ချင်းမလှပျောက်ကုန်တာကို ကြုံဖူးကြပါလိမ့်မည်။ ပွဲမ၀င်ခင် ကြိုတင်ပြီး

လေ့လာ လေ့ကျင့်ထားသင့်ပါတယ်..နောင်မှတရတဲ့အဖြစ်မျိုး မရောက်ရအောင် ကြိုးစားစေချင်ပါတယ်

ကိုယ်တိုင်ကြုံမှ ယုံနိုင်မယ်ဆိုတာထက် သူတပါးရဲ့ အတွေ့အကြုံကို သင်ခန်းစာယူပြီးဖြေရှင်း

တက်စေချင်ပါတယ်။ ပြောမှသိ ထိမှနာ ဆိုတာမျိုးမဖြစ်ရအောင် မိမိရဲ့ Self Control

လေးနဲ့မိမိဘ၀တက်လှမ်းကို အကောင်အထည်ဖော်နိုင်ပြီးအောင်မြင်မှု အသီးအပွင့်တွေကို

ခံစားနိုင်စေချင်မိပါတယ်.။

အချုပ်အားဖြင့်ဆိုသော် မိမိရောက်နေ တဲ့ နေရာ လုပ်နေရတဲ့အလုပ်ကို သေချာရှု့မြင်တက်ဖို့နဲ့

ခံယူချက်ကောင်းများ အလေ့အကျင့်ကောင်းများထားရှိကာ ရည်မှန်းချက်မပြတ်စေဘဲ ကြိုးစားကြ ရင်ဖြင့်

ပြဿနာများကင်းရှင်းကာ ရည်မှန်းချက်ပန်းတိုင်ကို လှမ်းတက်နိုင်ပါလိမ့်မယ်.မဖြစ်နိုင်တာ

မရှိဘူးမဖြစ်သေးတာဘဲရှိတယ်ဆိုတဲ့ ခံယူချက်ဝီရိယကို ကိုယ်စီ ကိုယ်ဌ နှလုံးမှုကာ ရှေ့ဆက်ပြီး

အောင်မြင်မှုပန်းတိုင်များဆီသို့လှမ်းတက်နိုင်ပါစေလို့

နှစ်သစ်မှာတောင်းဆုချွေရင်း စာတတို ပေတစ ဖြင့်တွန်းအားပေးလိုက်ပါတယ်..။

ပြောချင်တာလေးတွေ

Keep Reading ...

လူရည် လူချွန်တစ်ယောက်ဖြစ်ဖို့အတွက်…သူ့မှာ သူများထက်ပိုတဲ့ ကြိုးစားမှု ဇွဲလုံ့လ ၀ီရိယ
ရှိရမည်ဖြစ်သလို observation လိုခေါ်တဲ့ ဖြစ်ခဲ့သမျှ ကို ဂရုတစိုက် သတိထားမှတ်သားတက်ခြင်း ၊ ပတ်ဝန်းကျင်လေ့လာစူးစမ်းမှုရှိခြင်းတို့လည်း လိုအပ်ပါတယ်..။
ရရှိလာတဲ့တာဝန် ဖြတ်ကျော်ရမဲ့ အခက်အခဲတွေကို initiative လို့ခေါ်တဲ့ ကိုယ်ပိုင်ဥာဏ်၊ ကိုယ်စွမ်းကိုယ်စ ပင်ကိုအရည်အချင်းကိုထုတ်ပြီး ကြိုးစားလုပ်ဆောင် ဖြတ်သန်းသင့်ပါတယ်..။
လောကကြီးမှာ လူတော်ရယ် လူကောင်းရယ်ဆိုပြီးနှစ်မျိုးရှိပါတယ် လူတော်ဆိုတာက
ကိုယ်နဲ့သက်ဆိုင်တဲ့လုပ်ငန်းနယ်ပယ် ပညာရေး နယ်ပယ်တွေမှာ
တွေမှာ သူများတွေထက် ပြည့်စုံထက်မြက်သူလို့ ပြောရပါလိမ့်မယ်..။ လူကောင်းဆိုတာကကော ..လူကောင်းဆိုတာက
ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့အကျင့်ကောင်းရှိသူ ရိုးသားပြီးသစ္စာသီလ ရှိသူလို့
အဓိပ္ပာယ်သတ်မှတ်ကြပါတယ်..။ဖြစ်နိုင်ရင်တော့ လူတော်တစ်ယောက်အဖြစ်အနေနဲ့ကော
လူကောင်းတစ်ယောက်အဖြစ်နေကောပါ ဖြစ်နိုင်အောင်ကြိုးစားစေချင်ပါတယ်..။
(Knowledge is power ) ဆိုတဲ့ဆောင်ပုဒ်လေးရှိပါတယ်..အသိပညာဗဟုသုတသည်
စွမ်းအားတစ်ရပ်ဖြစ်တယ်တဲ့..မိမိကိုယ်ကိုရင့်ကျက်အောင် ဗဟုသုတကြွယ်ဝအောင်
စာများများဖတ်သင့်ပါတယ်..။အကိုတစ်ယောက်ပြောတဲ့စကားလေးရှိပါတယ်..”
ငါ့ညီတဲ့ အကျိုးရှိတဲ့စာတွေဖတ်မှတ်လေ့လာတာတွေ တရားတော်တွေကို နားထောင်နေတာတွေ သူတော်ကောင်းစကားနားထောင်နေတာတွေ ရင့်ကျက်တဲ့သူတွေရဲ့အသိတွေကိုနားထောင်မှတ်သားနေတာတွေဟာ မိမိရဲ့ကိုယ်ပိုင်စဉ်းစားဥာဏ်ကို မြင့်တင်ပေးနေတာတွေတဲ့ “ များများနားထောင်လေ လေ့လာလေ များများရင့်ကျက်လေပါဘဲ။ ဖြစ်ပျက်ခဲ့သမျှတွေမှာ သတိနဲ့ဆင်ခြင်စဉ်းစားပြီး
အတွေ့အကြုံယူသင့်ပါတယ်..။လက်တွေ့နယ်ပယ်မှာကော စာတွေ့နယ်ပယ်မှာတွေ အတွေ့အကြုံယူတက်လေ ကျွမ်းကျင်လေပါဘဲ.။
အင်္ဂလိပ်စာကြောင်းလေးတစ်ခု အမှတ်ရမိပါတယ်..
What should I do for future?
future have your hand. တဲ့ အနာဂတ်ဟာသင့်လက်ထဲမှာပါ. ယခုအချိန်ဖြစ်သလိုနေရင်
နောင်တစ်ချိန်မှာလည်းမိမိတို့ဘ၀ဟာ ဖြစ်သလိုဘဲဖြစ်သွားမှာပါ။
ဖြစ်နိုင်ရင် ယနေ့ငါဟာ မနေ့ကငါထက်တော်ရမယ် သိနေရမယ်ဆိုတဲ့
ခံယူချက်မျိုးထားတာအကောင်းဆုံးပါ..။နောက်ဆုံးအနေနဲ့ပြောချင်တာတော့
အရာရာလုပ်ဆောင်ချက်တိုင်းမှာ အလေးအနက်ထားပြီးတော့ သတိတရားလက်ကိုင်ထားကာ
ဘ၀တိုးတက်ရေးအတွက် ကြိုးစားလုပ်ဆောင်ကြပါလို့ တိုက်တွန်းအားပေးရင်း……….။။။။။။။

မှတ်သားမိသမျှ

Keep Reading ...
  1. မအောင်မြင်ခြင်းမှာ ကောင်းကွက်ရှိတယ်
    ဘာလဲ သိလား ?
    အောင်မြင်တဲ့အခါ လုပ်ဖို့တွေရယ်
    အောင်မြင်အောင် လုပ်ဖို့တွေရယ် … ကို
    ပြင်ဆင်ထားလို့ရတယ်

    အောင်မြင်ပြီးသွားရင် မင်းမှာ အချိန်မရှိတော့ဘူး
    ရှေ့က လုပ်ထားခဲ့တာ ဆည်းပူးအားထုတ်ထားခဲ့တာ မရှိရင်
    ချက်ချင်းပြန်ကျဆုံးမှာပဲ ။
    ************************************************
    ဘာလုပ်ရမှန်း မသိဖြစ်နေတဲ့အခါ
    ကိုယ့်ကိုယ်ကို
    ဘာဖြစ်ချင်သလဲ ဆိုတာမေး
    ဘယ်ဟယ အကောင်းဆုံးလုပ်သင့်ဆိုတာ တွက်
    အကျိုး နဲ့ အပြစ်တွေကို စဉ်းစား
    ပြီးရင် ချက်ချင်း ထလုပ်
    အဲဒါ အကောင်းဆုံး ဆုံးဖြတ်နည်းပဲ ။
    ************************************************
    အကောင်းဆုံးဒေါသ ထွက်နည်းကို ပြောပြမယ်
    ကိုယ်ဒေါသ ထွက်မိသူကို
    အထိရောက်ဆုံး တုံ့ပြန်နိုင်မယ့်အရာဟာ ဘာလဲလို့ စဉ်းစား
    အဲဒါဟာ ကိုယ့်အတွက် ဆိုးကျိုးအနည်းဆုံး ဖြစ်စေရမယ်။

    ဘာလုပ်လုပ် တွေးပြီးမှ လုပ်
    စိတ်ထဲပေါ်သလို တုံ့ပြန်တာဟာ
    အညံ့ဆုံး ဒေါသထွက်နည်းဖြစ်တယ် ။
    ***********************************************
    လောကမှာ အရာတစ်ခုကို မင်းတကယ်လိုချင်ရင်
    ကျိန်းသေရမှာပဲ။
    တကယ်လိုချင်ဖို့ပဲ လိုတယ်
    တကယ်လိုချင်သူဟာ
    အသက်စွန့်ဖို့လဲ ၀န်မလေးဘူး
    ဘာကိုမှလဲ ဂရုမစိုက်တော့ဘူး

    အချိန်စောတာနဲ့ နောက်ကျတာပဲ ကွာမယ်
    ဘာမဆို တကယ်လိုချင်ပြီး တကယ်ကြိုးစားရင်တော့
    ကျိန်းသေရမှာပ။
    ***********************************************

“နှစ်သစ်ကူးအတာရေသဘင်ပွဲတော် ”

Keep Reading ...

padauk1

“နှစ်သစ်ကူးအတာရေသဘင်ပွဲတော် ”

နှစ်ပေါင်းများစွာမှ ဖြစ်တည်လာသော ငယ်စဉ်ကတည်းက တောင့်တရင်ခုန်ခဲ့ရသော မဟာသင်္ကြန်ပွဲတော်ကြီးရောက်ပေတော့မည်။ မြန်မာ့ယဉ်ကျေးမှုပွဲတော်များတွင် အထူးခြားဆုံး အခမ်းနားဆုံးကျင်းပကြတဲ့ ပွဲတော်ကိုပြောပါဆိုလျှင် လတန်ခူးချိန်ခါတွင် ကျင်းပပြုလုပ်တဲ့ သင်္ကြန်ပွဲတော်အကြောင်းကို ပြောပြရပါလိမ့်မည်။

“ဟောင်းရွက်ညှာ ခါလှစ်လို့

တာသစ်ကယ်တဲ့ နံ့ကြိုင်။

ထုတ်ဖြူးလေဆော်က၊

ပန်းကံ့ကော် ၀တ်မှုန်ကျင်း၊

သင်းပျံ့လို့လှိုင်။”

ဟူ၍စပ်ဆိုခဲ့သော ဖိုးသူတော်ဦးမင်းရဲ့တန်းခူးလဘွဲ့ အရ လတန်းခူးတွင် ကံ့ကော်ပန်းများလည်းပွင့်လန်းလျက်ရှိနေကြပြီး၊ တစ်နှစ်တွင် တစ်ခါဖူးတဲ့ မြဖူးဖူးခိုင်ရွှေဝါပိတောက်များလည်း ပင်ယံထက်တွင် အပြိုင်အဆိုင်လှနေကြတဲ့အချိန်အခါသမယလည်းဖြစ်ပါတယ်။ ပိတောက်ပန်းအလှကိုတွေ့မြင်တိုင်း ငယ်စဉ်ဘ၀ကိုပြန်တွေးပြီးလွမ်းမောမဆုံးဖြစ်ရသည်မှာ အကြိမ်ကြိမ်ပင်. ပိတောက်ရေစင်နှင့်ဖြန်းပက်ခံရသူအဖို့မှာလည်း စိတ်ကြည်နူးဖို့ကောင်းလှမည်မှာ ဧကန်မလွဲပါ။

သင်္ကြန်ပွဲတော်သဘင်နဲ့ပတ်သက်ပြီး သင်္ကြန်အဓိပ္ပာယ်လေးကိုမှတ်သားမိသလောက်

ပြောပြချင်မိပါသည်.။ သင်္ကြန်၊ဆောင်ကရန်ဆိုသောစကားလုံးဟာ သက္ကတဘာသာစကား သင်္ကန္တမှဆင်းသက်လာပြီးကူးပြောင်းခြင်း၊ တစ်နေရာမှတစ်နေရာသို့ရောက်ရှိခြင်းဟုအဓိပ္ပာယ်ရသည်။ မြန်မာသုံးပြက္ခဒိန်ကောဇာသက္ကရာဇ်အရ ၁၃၇၀ပြည့်နှစ်မှ ၁၃၇၁ခုနှစ်သို့ကူးပြောင်းခြင်းလည်းဖြစ်ပါသည်။ သင်္ကြန်ပွဲသည် ဟိန္ဒူဓလေ့ထုံးတမ်းတို့မှ ဆင်းသက်လာခြင်းသာဖြစ်သည်ဟုမှတ်ယူရပါမည်၊အဘယ်ကြောင့်ဆိုသော် ဘုရားဟော ပိဋကတ်တော်၌ သင်္ကြန်တက်ခြင်း၊ ကျခြင်းအကြောင်းများမပါရှိသောကြောင့်ဖြစ်ပါသည်.။မြန်မာတို့၏ သင်္ကြန်ရိုးရာဓလေ့များသည် ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံများနှင့်များစွာတူညီသည်။

သို့ပေမဲ့ နှစ်သစ်ကူးရက်ကိုရွေးချယ်ရာတွင် နက္ခတ်၊ တာရာတို့၏ တည်နေပုံအပြောင်းအလဲကိုအခြေခံသောတွက်နည်းဖြင့် တွက်ချက်ကြ၍ ရက်များပြောင်းလွဲသွားကြခြင်းသာဖြစ်ပါသည်။

တစ်နှစ်အတွင်း တန်ခူးလနှစ်ခါပါတက်ရာ နှစ်မဆန်းမီ တန်ခူးလကို နှောင်းတန်ခူးဟုခေါ်ကြသည်။ အတာသင်္ကြန်တစ်ကြိမ်မှ နောက်တစ်ကြိမ်ကာလသည် တစ်နှစ်အပိုင်းအခြားဖြစ်သည်ဟု သတ်မှတ်နိုင်ပါသည်။

ကျွန်တော်တို့မြန်မာနိုင်ငံတွင် သင်္ကြန်ကာလတွင် သိကြားမင်းက လူ့ပြည်ဆင်းလေ့ရှိသည်ဟူသောအယူလည်းရှိပါသည်။

မြန်မာလူမျိုးများသည် သင်္ကြန်ကာလရောက်တော့မည်ဆိုရင် သင်္ကြန်ပန်းအိုးများကို နေအိမ်များ ၊ဘုရား ကျောင်းကန်များတွင် ကပ်လှူပူဇော်သော အလေ့အထများပြုလုပ်ကြပါသည်။ မြန်မာသင်္ကြန်တွင် သက်ကြီးဝါကြီးများကို ခေါင်းလျှော်ပေးခြင်း၊ ခြေသည်း၊ လက်သည်းလှီးပေးခြင်းတို့ကို ဓလေ့တစ်ရပ်အဖြစ်ဆောင်ရွက်ကြသည်။ သင်္ကြန်မတိုင်မီ ရှင်ပြု၊ရဟန်းခံသည့်ဓလေ့မှာလည်းကြည်နူး နှစ်သက်စရာကောင်းသောယနေ့တိုင်တည်နေတဲ့ မြန်မာဓလေ့များပင်ဖြစ်ပါသည်။

သပြေခက်နှင့် ရေပက်ခဲ့ကြသည်မှာ မြန်မာလူမျိုးတို့ရဲ့ ဓလေ့ထုံးစံဖြစ်ခဲ့သော်လည်း ယနေ့ခေတ်တွင်တော့ ရေပိုက်၊ ရေခွက်တို့ဖြင့်ရေပက်ကြသူတွေသာများပါသည်။ခေတ်ကာလအပြောင်းအလဲအရ သင်္ကြန်ရိုးရာဓလေ့များပြောင်းလဲသွားကြသော်လည်း မှုလရိုးရာမပျက်ကျန်ရှိနေသေးသည့် သင်္ကြန်၏ အနှစ်သာရ သင်္ကတေများကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပါသည်.။နှစ်သစ်ကူးပြောင်းပွဲတော်မှာ ခေတ်အပြောင်းကြောင့်ပျော်ရွှင်မှုပုံစံတွေပြောင်းလာခဲ့ပေမဲ့လည်း ချစ်စရာ့ဓလေ့တို့ကတော့ယနေ့တိုင်ရှိနေဆဲပင်ဖြစ်ပါသည်။ ထို့အပြင် မြန်မာလူမျိုးတို့သည် နှစ်သစ်ကူးကာလတွင် ရုံးများ၊ အလုပ်များကို ရက်ရှည်ခွင့်ပေးခြင်းများကို တွေ့ရသည့်အတွက်

သင်္ကြန်ပွဲတော်အပေါ် မည်မျှတန်ဖိုးထားအလေးထားကြောင်းကိုမြင်တွေ့နိုင်ပါသည်။

ခွင့်ရက်ရှည်ကာလတွင်လည်း မြန်မာပြည့်အနှံ့ ဘုရားဖူးခြင်းများ၊ တရားစခန်းဝင်ခြင်းများ၊

ဥပုပ်သီလ ဆောက်တည်ခြင်းစသောကုသိုလ်ဘာဝနာ ပြုလုပ်ကြသူတွေလည်းရှိပါသည်။

လောဘ၊ ဒေါသ၊ မောဟတည်းဟူသော နှစ်ဟောင်းက အညစ်အကြေးများစွန့်လျှက်

နှစ်သစ်တွင် စိတ်သစ်လူသစ်ဖြင့် ဘာသာတရားလက်ကိုင်ထားလျှက် ကုသိုလ်ယူနေကြပုံမှာ မြန်မာလူမျိုးတို့၏ ရူမငြီးနိုင်သော အလှတရားများပင်ဖြစ်ချေပါတော့သည်.။

အဝေးရောက်နေကြပေမဲ့လည်း သင်္ကြန်တေးသံ ၊ ပိတောက်ပန်းအလှကိုမြင်ရသူတိုင်း

ငယ်စဉ်ကပျော်ရွှင်မြူးခဲ့ကြတဲ့ အတာရေသဘင်ပွဲတော်ကို သတိရ မိကြပါလိမ့်မည်။

သင်္ကြန်မိုးလေး တစ်ဖြောက် နှစ်ဖြောက်ကျအပြီးမှာ ပွင့်ဖူးလာကြမဲ့ ပိတောက်ပန်းအလှကို

အာရုံခံစား စိတ်ကူးယဉ်ရသည်မှာလည်းအခါခါပင်ဖြစ်ပါသည်။ သင်္ကြန်နဲ့ပတ်သက်ပြီးစိတ်ကူးရမိလို့ ကဗျာလေးတစ်ပုဒ်ကို သင်္ကြန်မတိုင်မှီက စပ်မိခဲ့ပါသည်..

ကဗျာလေးကတော့ …

“မမေ့နိုင် တမ်းတခြင်းတွေနဲ့

ယနေ့တိုင် အာရုံတွင်၊

ငယ်စဉ်ခါပျော်ခဲ့ဖူး

အသွင်ထူးတဲ့ သင်္ကြန်ပွဲတော်မို့၊

နှစ်စဉ်လေ ဒီအချိန်ရောက်ရင်

ကြင်ဖော်သူ

ဆွေသူတစ်ယောက်ကိုလ

လွမ်းရမဆုံး။။”

ဆိုပြီး သင်္ကြန်ရဲ့ပျော်စရာကောင်းပုံ၊ အမှတ်တရဖြစ်ပုံကိုတမ်းတပြီးရေးစပ်မိခဲ့ပါတော့သည်။

ကျွန်တော်အနေနှင့်နောက်ဆုံး ပြောချင်မိသည်က (၁၃၇၀)ပြည့်နှစ်သစ်ကူးသင်္ကြန်ကာလတွင် စိတ်လက် ပျော်ရွှင်စွာဖြင့် မြန်မာရိုးရာယဉ်ကျေးမှုမပျက်စေဘဲ ဆင်နွှဲနိုင်ကြစေဖို့

နှင့် အတာသင်္ကြန်ကာလအတွင်း ကုသိုလ်ဘာဝနာ ပြုသူများအနေဖြင့်လည်း နှစ်တစ်နှစ်ကူးအပြောင်း အနိစ္စသဘောတရားများကို သတိသွင်းဆင်ခြင်လျှက်၊ နောင်သံသရာအတွက် အထောက်အပံ့ကောင်းများရအောင် ကျင့်ကြံသွားနိုင်၊ ကုသိုလ်ပြုနိုင်

သူများဖြစ်နိုင်ကြပါစေလို့ ထပ်လောင်းဆုမွန်တောင်းဆုပြုရင်း(၁၃၇၀)ပြည့်နှစ်သစ်ကူး သင်္ကြန်ပွဲတော်အတွက် အမှတ်တရရေးသားမိပါတော့သည်။

ငြိမ်းအေးထွန်း

ပိတောက်ဝေတိုင်းလွမ်းမိသူ

Keep Reading ...

dsc04905

ပိတောက်ဝေချိန် လေရူးထချိန်မို့
ရော်ရည်ကာမှန်း
တမ်းတမိသည်က.
ပိတောက်ချစ်သူ
တစ်ယောက်သောသူကိုပါ….။
ပိတောက်ပန်းအလှ
ဆန်းသစ်လှသမို့
ရင်ဝယ်မှန်းဆ
ပေးချင်မိသည်က
ပိတောက်ချစ်သူ
တစ်ယောက်သူကိုပါ…။
ပိတောက်ချစ်သူ
တစ်ယောက်သူရယ်
ပိတောက်ဖူးတဲ့
ရွှေတန်ခူးမှာ
ပျော်ခွင့်မရ
ကြွေခဲ့ရသမို့
နှစ်တိုင်းလေ…
ကို့ရင်မှာတော့
ပိတောက်ဝေတိုင်း လွမ်းရပြီလေ..။

လွတ်အောင်ပြေး…မိရင်နာမယ်..

Keep Reading ...

ကျွန်တော်ဖတ်ရတဲ့..ဟာသလေးတစ်ခုပါ…. ဒီကအစ်ကိုအစ်မတွေကို
ပြန်လည်ဝေမျှလိုက်ပါတယ်… လွတ်အောင်ပြေး..မိရင်နာမယ်
ကိုချူချာ တစ်ယောက် အခုတစ်လောအလွန်ဝလာသဖြင့် အလွန်စိတ်ညစ်နေသည်။
စိတ်ညစ်ညစ်နှင့် အိမ်ရှေ့ ဧည့်ခန်းမှာထိုင်ရင်း သတင်းစာကို ယူကြည့်ရာ
ကြော်ဋ္ဌာတစ်ခုကို တွေ့ လိုက်ရသည်။ ကြော်ဋ္ဌာက… သင်၏ အဆီများကျဖို့ 
ကျွန်တော်တို့ ကတာဝန်ယူပါသည်။ တစ်ပတ်အတွင်း မည်မျှကျချင်ကြောင်းသာ
ဖုန်းနံပါတ်………..သာဆက်သွယ်လိုက်ပါဟု တွေ့ ရသဖြင့် ခေါ်ဆိုကြည့်
ရာ တစ်ဖက်မှ…ဟုတ်ကဲ့ Slim Body Group
မှကြိုဆိုပါတယ်….မိတ်ဆွေအနေဖြင့်..နေရပ်လိပ်စာနှင့် တစ်ပတ်အတွင်း
ပေါင်မည်မျှကျချင်ကြောင်း ပြောပြပါဟုပြန်ဖြေလေသည်။ ထိုအခါ
ကိုချူချာ…..တစ်ပတ်အတွင်း ၅ပေါင်ကျချင်ကြောင်းပြောရာ

ဘ၀အတွက်လိုက်နာသင့်သောစည်းကမ်းချက်များ

Keep Reading ...

၁။ဂတိအပေးနည်းပါစေ။
၂။ အမှန်ကို သာအမြဲပြောပါ။
၃။ မိတ်ဆွေကောင်းသာထားရှိပါ။
၎။ သဒ္ဒါမေ၇ာက်မီ တရားမျှတမှုရှိပါစေ။
၅ ။ လောင်းကစားမှုကို လုံးဝ ရှောင်ကြဉ်ပါ။
၆။ မိမိ လုပ်ငန်းတွင် ပိုင်နိုင်ကျွမ်းကျင်ပါစေ။
၇။ မိမိ ၀င်ငွေနှင့်လောက်ငှအောင်နေထိုင်ပ။ါ
၈။မူးရစ်စေသည့်အရာများကိုရှောင်ကြဉ်ပါ။
၉ ။ လျှို့ ဝှက်သင့်သည်ကို မပေါက်ကြားပါစေနှင့်။
၁၀ ။ သူတစ်ပါးမကောင်းကြောင်းဘယ်ခါမှမပြောပါနှင့်။

ဆန္ဒ

Keep Reading ...

မင်းလေးကိုတမ်းတ
အလွမ်းများစွာရက်ဆက်
တမ်းတသူတစ်ယောက်အတွက်
အလွမ်းတွေကို ဖော်ပြရရင်
ကိုယ့်ရင်ကိုခွဲ
အသည်းကို ဓားနဲ့ မွှန်းတောင်
မင်းကိုချစ်တယ်လို့ ပြောမယ့်
ကိုယ့်ရဲ့ သွေးတွေက
ရဲရဲနီတယ်ဆိုတာ
မင်းလေးသိစေချင်တယ်..
နာရီ..စက္ကန့် ဘယ်လိုဘဲရေတွက်
အချိန်နဲ့ အမျှ..
စီးဆင်းတဲ့..ဒီသွေးတွေ
ကိုယ့်ချစ်သူကိုကြင်နာဖို့ 
အမြဲတမ်းနွေးတယ်ဆိုတာ
မင်းလေးသိရင်
ကိုယ့်ကိုလှောင်နေမလား…
သံယောဇဉ်ဆိုတဲ့
ဒီကြိုးလေးကြောင့်
ကိုယ့်ဘ၀တစ်ခုလုံး
အမှောင်ဖုံးတောင်
မင်းလေးအတွက်
ကိုယ်ဟာအမြဲတမ်းလင်းနေမယ့်
ကြယ်လေးတစ်စင်းဖြစ်ချင်တယ်…..

(ဆက်ဝေမောင်)

မျှော်လင့်ခြင်းလေး….

Keep Reading ...

ဖုန်းလိုင်းထဲက မင်းအသံလေးတွေသာ
ကိုင်တွယ်လို့ ရမယ်ဆိုရင်
ခေါင်းအုံးလို့ အိပ်စက်ချင်ရဲ့….
ကဗျာမဆန် ကာရန်မညီသည့်တိုင်
ငါ့နှလုံးသားက သာယာမက်မောနေခဲ့တယ်….
မင်းအသံလေးကို
တစ်နေ့တစ်ခါများကြားခွင့်ရရင်
ငါသေရလည်း ကျေနပ်တယ်….
တစ်ညတစ်ခေါက်သာ
အိပ်မက်ထဲရောက်လာမယ်ဆို
အိပ်စက်ခြင်းကို ထာဝရပိုင်ဆိုင်ချင်ရဲ့….
ဘ၀မှာ
တစ်ခုသောဆုကိုသာ တောင်းလို့ပြည့်ရင်
မင်းရင်ခွင်မှာ ခိုဝင်နားပါရစေလို့….
သြော်….
မင်းနှလုံးသားရဲ့ တစ်နေရာမှာ
ငါ့အမည်လေးရှိနေရုံနဲ့
ကျေနပ်နေမယ့်သူပါကွယ်….

(ချို)